မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်)တွင် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)

သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ 

  1.  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)၌ စခန်းအခြပြုပြန်လည်ထူ ထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားအား(၁၀-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
  2.  သင်တန်းဖွင့်ပွဲအခမ်း အနား တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စွာက မူးယစ်ဆေးဝါးများသည် စူးစမ်းမိသည့်လူကိုအန္တရာယ်ဖြစ်စေနိုင်ပါကြောင်း၊ လူငယ်များသည်နိုင်ငံအတွက်အရေးပါသောလူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး လူငယ်များ၏ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးပြဿနာသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် အတွက် အဆိုပါစိန်ခေါ်မှုအား လူငယ်များရင်ဆိုင်ဖြေရှင်းနိုင်ရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ မူးယစ်ဆေးဝါး၏သဘောသဘာဝသည် စိတ်ကိုစွဲလမ်းစေခြင်းဖြစ်ပြီး ရံဖန်ရံခါသုံးစွဲရာမှ မကြာခဏ၊ ထိုမှတစ်ဆင့် နေ့စဉ်ဆက်တိုက်သုံးစွဲလာတတ်ပါကြောင်း၊ ဆေးသုံးစွဲမှုမှ တစ်ခဏတာရရှိသော စိတ်ပိုင်းဆိုင်ရာ ခံစားမှုအပေါ် စွဲလမ်းရာမှ မသုံးစွဲရလျှင်မနေနိုင်သည့် ဆေးစွဲသူအဖြစ်သို့ ရောက်ရှိတတ်ပါကြောင်း၊ လူငယ်လူရွယ်များအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများသည် လူမှုဆက်ဆံရေးမှတစ်ဆင့်အများဆုံးပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကို ခေတ်မီသူတိုင်းပြုလုပ်ကြသည်ဟု လွဲမှားယူဆခြင်း၊ ရွယ်တူအပေါင်း အသင်းများအနေဖြင့် လက်တည့်စမ်းသုံးစွဲခြင်း၊ အပေါင်းအသင်းများက မြှောက်ပင့်ဆွဲဆောင်ခြင်းနှင့် ပတ်ဝန်းကျင်တွင်မူးယစ်ဆေးဝါးသုံးစွဲသူများအား အတုမြင်အတတ်သင် သုံးစွဲခြင်းတို့သည် မူးယစ်ဆေးဝါးစတင်သုံးစွဲရခြင်း၏ ဇစ်မြစ်များဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများအားလုံးသည် မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ပြီး အစဉ်အဆက်တိုက်ဖျက်လျက်ရှိ သော်လည်း ယနေ့တိုင် ကြီးထွားနေဆဲဖြစ်သည်ကို မြင်တွေ့နေရပါကြောင်း၊ မိမိတို့နိုင်ငံ၏အနာဂတ် လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်သာယာ လှပ ရန် လူငယ်များကမြှင့်တင်ပေးရုံသာမက လူ့အဖွဲ့အစည်းအသီးသီးရှိ ပညာရပ် ဆိုင်ရာ ကျွမ်းကျင်သူအသီးသီးကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ လူသားများ၏ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခြိမ်းခြောက် လျက်ရှိသော၊ စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါးများအန္တရာယ်ကို ကြိုတင်ကာကွယ်ရန်နှင့် ထိရောက်စွာတိုက်ဖျက်နှိမ်နင်းနိုင်ရန်မှာ အလွန်လိုအပ်ပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို ပတ်ဝန်းကျင်မှပစ်ပယ်ထားခြင်းမျိုးမပြုလုပ်ဘဲ မူးယစ်ဆေးစွဲခြင်းကို စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုအဖြစ်သတ်မှတ်ကာ လူမှု အသိုင်းအဝိုင်း၏ ဖေးမမှုဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက် ပေးနိုင်သကဲ့သို့ ပြန်လည်ထူထောင်ရေးစခန်းများအား ပို့ဆောင်ပေးခြင်းအားဖြင့် လည်း လူငယ်များ၏ အနာဂတ်ဘဝလှပစေနိုင်ရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု နိုင်စေမှာဖြစ်ပါကြောင်း၊  မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့ ကိုယ်တိုင် မူးယစ် ဆေးဝါးများနှင့်ပတ်သက်သည့် ဗဟုသုတများအားလေ့လာပြီး ကလေးသူငယ် များအား မူးယစ်ဆေးသုံးစွဲခြင်းနှင့်ပတ်သက်သည့် အန္တရာယ်များကို ပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပွင့်လင်းမှန်ကန်သည့် ဆွေးနွေး မှုများကိုသာ ပြုလုပ်ရန်လိုအပ်ပါကြောင်း၊ သို့မှသာ တိုင်းပြည်၏အနာဂတ်ဖြစ်သည့် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါး၏သားကောင်များဘဝသို့ ကျရောက်ခြင်းမရှိ ဘဲ နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာနိုင်မှာဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)အနေဖြင့် မိဘအပ်သင်တန်းသားများအား ပြန်လည်ထူထောင်ပေးခြင်း၊ စခန်းအခြေပြုပြန်လည် ထူထောင်ရေး သင်တန်းနှင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းဖွင့်လှစ်ခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း(၈)ကြိမ် ဖွင့်လှစ်ပြီးစီးခဲ့ပြီး သင်တန်းသား(၁၈၂) ဦးအား ပြန်လည်ထူထောင်မှုပေးနိုင်ခဲ့ပါကြောင်း၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ် ရေးမှူးသင်တန်း(၃)ကြိမ် ဖွင့်လှစ်ပြီးစီးခဲ့ပြီး သင်တန်းသား(၇၀)ဦးအား လေ့ကျင့် မွေးထုတ် ပေးနိုင်ခဲ့ပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၄ခုနှစ်အထိ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း (၄၃) ကြိမ်၊ သင်တန်းသား (၈၉၄)ဦး၊ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း (၁၉)ကြိမ်၊ သင်တန်းသား (၆၂၀)ဦး၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်း (၂၈)ကြိမ်၊ သင်တန်းသား(၆၈၅)ဦး တို့အား လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ ပါကြောင်း၊ မူးယစ်ဆေးဝါးကင်းစင်ရေးသည် တစ်နိုင်ငံလုံး၏အရေးဖြစ်၍ နိုင်ငံ သားတိုင်း ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း၊ လူ့ဘောင်တစ်ခုလုံးကို ပျက်ပြုန်းစေနိုင်သော မူးယစ်ဆေးဝါးအန္တရာယ်ကို နိုင်ငံသားတိုင်း၊ ကမ္ဘာသူကမ္ဘာသားတိုင်းက စုပေါင်းတွန်းလှန်တိုက်ဖျက်သင့်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
  3.  ဆက်လက်၍ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုဥက္ကဋ္ဌ ဦးစံရှိန်က မူးယစ်ဆေးဝါးသည် လက်တည့်စမ်းစရာမဟုတ်ပဲ စမ်းသပ်သုံးစွဲရင်း အပျော်သဘောမှ မူးယစ်ဆေးဝါးသားကောင်ဘဝသို့ ရောက်ရှိရပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူလူငယ်များအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးရန် ပြုပြင်ဖို့လိုအပ်ပါကြောင်း၊ ထိုသို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြုပြင်ပေးသည်မှာ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လက်အောက်ရှိစခန်းများမှ ပြုပြင်ပေးလျက်ရှိပါကြောင်း၊ နောက်ဆက်တွဲစောင့်ရှောက်သည့်အခါ လူငယ်များ၏ ရည်ရွယ်ချက်ဆန္ဒရှိသည်များအား မိဘများနှင့်ပေါင်းစပ်ညှိနှိုင်းပြီး ပြန်လည် ထူထောင်ရေးသင်တန်းဆင်း သင်တန်းသားများအား စေတနာ့ဝန်ထမ်းမူးယစ် ကြီးကြပ်ရေးမှူးများက နောက်ဆက်တွဲစောင့်ရှောက်မှု ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မိဘများအနေဖြင့် မိမိတို့သားသမီးများ ဆေးပြန်လည်မသုံးစွဲမိစေရန် မျက်ခြေမပြက်စောင့်ကြည့်ရန်လိုအပ်ပါကြောင်း၊ နောက်ဆက်တွဲစောင့်ရှောက်မှု ကဏ္ဍ၌ အုပ်ထိန်းသူမိဘနှင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများ၏ ပူးပေါင်းဆောင်ရွက်မှုသည် လွန်စွာအရေးကြီးပါကြောင်း၊ ယခုစခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းမှ သင်တန်းသားများ အနေဖြင့် သင်တန်းတက်ရောက်ရန် မိမိဆန္ဒဖြင့်လာရောက်သည်ဖြစ်စေ၊ မိဘ အုပ်ထိန်းသူ၏ဆန္ဒဖြင့် လာရောက်သည်ဖြစ်စေ ပြန်လည်ထူထောင်မှုခံယူပြီးသည် နှင့်တစ်ပြိုင်နက် နောက်ဆက်တွဲစောင့်ရှောက်မှုခံယူရန်မှာ မဖြစ်မနေလိုအပ်ပါ ကြောင်း ရှင်းလင်းပြောကြားပါသည်။
  4. အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စွာ၊ ပြည်မြို့ကုတင်(၅၀၀)စိတ်ကျန်းမာရေးအထူးကု ဆရာဝန် ဒေါက်တာကျော်စိုးလှိုင်၊ ပြည်မြို့ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေး ဦးစီးဌာန၊ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟို ဥက္ကဋ္ဌ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသားများစုစုပေါင်း (၈၅)ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက်(၁၀:၄၅)နာရီအချိန်တွင် ပြီးစီးကြောင်းသတင်းရရှိပါသည်။

 


နောက်ဆုံးရသတင်းများ

အာဆီယံဒေသတွင်း ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ၏ အန္တရာယ်ကြောင့် ထိခိုက်ခံစားနေရသူများအား ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရေးနှင့် စိတ်ကျန်းမာရေး လိုအပ်ချက်များ အထောက်အပံ့ပေးရေးဆိုင်ရာ အမျိုးသားအဆင့် ညှိနှိုင်းအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်း
တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသောဒေသများရှိ အခြေခံပညာကျောင်းများအတွက် ကျောင်းသုံးပရိဘောဂ ပစ္စည်းများနှင့် စာရေးကိရိယာများ လှူဒါန်းခြင်း

MOS

DSW

DDM

DOR