လူမှု၀န်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး ခရိုင်၊ တိုက်ကြီးမြို့နယ်၊
တာဂွကျေးရွာအုပ်စု၊ ဗမာဂုံညှင်းတန်းကျေးရွာ၌ (၁၁-၁-၂၀၂၄) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်ခန့်တွင်
တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် လုံးဝပျက်စီးနေအိမ် (၁)လုံး၊
တစ်စိတ်တစ်ပိုင်းနေအိမ် (၁)လုံး ပျက်စီးခဲ့ပြီး၊ ဘေးသင့်အိမ်ထောင်စု(၂)စု၊ လူဦးရေ
(၁၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၁,၀၀ဝ/-)၊
အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀,၀၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၇၁,၀၀ဝ/-)နှင့်
ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၁)စုစာ ကယ်ဆယ်ရေးပစ္စည်းတန်းဖိုး
(၆၅,၇၆၂/-)တို့အား (၁၇-၁-၂၀၂၄) ရက်နေ့(၁၂:၃၀)အချိန်တွင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM