လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၃)
ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍
လပွတ္တာမြို့၊ သင်္ဘောဆိပ်များနှင့် လူစည်ကားရာနေရာများ တွင် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊
လက်ကမ်းစာစောင်များဝေငှခြင်း၊ mask များ ဝေငှပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း
သတင်းရရှိပါသည်။
Source: DDM