လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ ဘီတွတ်ကျေးရွာအုပ်စု၊ ဘီတွတ်ကျေးရွာတွင် (၁၄-၁၂-၂၀၂၃)ရက်နေ့ (၀၀း၁၅)နာရီအချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀,၀၀ဝိ/-)ကျပ်၊ လူဦးရေ ကျား(၈)ဦး၊ မ(၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၅,၇၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၃၅,၇၀ဝိ/-)ကျပ်အား (၁၄-၁၂-၂၀၂၃)ရက်နေ့ (၀၁း၃၀)နာရီအချိန်တွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)၊ မြို့နယ်မီးသတ်ဦးစီးမှူးတို့နှင့်အတူ မီးဘေးသင့် ပြည်သူများ၏ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM