လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၄)
နေ့တွင် မင်းဘူးမြို့၊ အမှတ်(၃) ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက်တို့၌လည်းကောင်း၊
(၂၆-၅-၂၀၂၄) နေ့တွင် မင်းဘူး (စကု)မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာ၊ ထုံးမကြီးကျေးရွာ၊
မန်းကျိုးကျေးရွာနှင့် ရွာသာကျေးရွာတို့၌လည်းကောင်း မုန်တိုင်းဘေးအန္တရာယ်သတိပေးခြင်းနှင့်
မုန်တိုင်းဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊
ရပ်မိရပ်ဖများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အသိပညာပေးခြင်း၊
လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
Source: DDM