လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊သုံးခွရပ်ကွက်၊ သစ္စာလမ်းတွင် (၁၁-၂-၂၀၂၂)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ လုံးဝပျက်စီးနေအိမ် (၄)လုံးမီးဘေးသင့်ခဲ့ပြီး အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၅)ဦးတို့ မီးဘေး သင့်ခဲ့ပါသဖြင့် မီးဘေးသင့်နေအိမ် (၄)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၈၀၀,၀၀၀/-)၊ လူဦးရေ(၁၅)ဦး အတွက် ဆန်ရိက္ခာဖိုးငွေကျပ်(၃၁,၅၀၀/-)၊ ဒဏ်ရာရရှိသူ(၁)ဦးအတွက် ဒဏ်ရာရ ထောက်ပံ့ငွေကျပ်(၅၀,၀၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၃)အိမ်ထောင်စာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အိမ်ထောင်စု (၃)စုအတွက် ဆပ်ပြာ(၃)တောင့်၊ လူဦးရေ(၁၅)ဦးအတွက် Mask (၃၀)ခုတို့အား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၁၄-၂-၂၀၂)ရက်နေ့ (၁၀:၃၀)နာရီ အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားနာ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပခြင်း
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း က ငလျင်ဘေးသင့်ဝန်ထမ်းများသို့ အလှူငွေ၊ ဆန်၊ ဆီ၊ မုန့်မျိုးစုံ၊ အသုံးအဆောင် ပစ္စည်းများထောက်ပံ့ခြင်းနှင့် အားပေးစကားပြောကြားခြင်း

MOS

DSW

DDM

DOR