မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူးပြီး ပြည်နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို (၁၃.၂.၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန် မော်လမြိုင်မြို့၊ ပညာရေးဒီရီကောလိပ်၊ ပညာညီလာခန်းမ၌ ပါမောက္ခဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား/သူ များအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးမှအဖွင့်အမှာစကားပြောကြားပြီး၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ နောက်ခံသမိုင်းကြောင်း၊ ကလေးသူငယ်အခွင့်အရေးပါ အခန်းကဏ္ဍများ၊ ကလေးသူငယ်များလိုက်နာရမည့်စည်းကမ်းများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကလေးမွေးစားခြင်းလုပ်ထုံးလုပ်နည်းများ၊ ကလေးသူငယ်ကြီးကြပ်သူ၏တာဝန်ဝတ္တရားများ၊ အခြားနည်းလမ်းဖြင့်လွှဲပြောင်းဆောင်ရွက်ခြင်း၊ အခြားနည်းလမ်းဖြင့်ပြုစုစောင့်ရှောက်ခြင်း၊ ကလေးအလုပ်သမားနှင့်အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းခံရသော ကလေးသူငယ်ကိစ္စရပ်များ၊ ဥပဒေပါအခန်းကဏ္ဍများကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ဟောပြောပွဲ အခမ်းအနားကို နံနက်(၁၁:၀၀) နာရီတွင် ရုပ်သိမ်းလိုက်ပါကြောင်းနှင့် အခမ်းအနားသို့ မော်လမြိုင်မြို့၊ ပညာရေးဒီရီကောလိပ်မှ ပါမောက္ခဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား(၁၅၇)ဦး၊ ကျောင်းသူ(၃၇၈) ဦး၊ စုစုပေါင်း(၅၃၅) ဦးအား ဟောပြောခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း

MOS

DSW

DDM

DOR