ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးအား (၂၈.၆.၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး NCMSU working group အဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းရုံးများမှ CM/ PO ဆောင်ရွက်နေသူများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြပြီး NCMSU လုပ်ငန်းစဉ်များ၊ SMIS data များနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ အရပ်ဖက်အဖွဲ့အစည်းများ၏ NCMSU လုပ်ငန်းစဉ် ဆောင်ရွက်မှုများအား ရှင်းလင်းဆွေးနွေးခြင်း၊ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ လူမှုရေးရာဖြစ်ရပ်များ၊ အခက်အခဲများတင်ပြခြင်း၊ လစဉ်လုပ်ငန်းဆောင်ရွက်မှုလချုပ်များအား လစဉ်ပေးပို့နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပပြုလုပ်ခြင်း
ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများလွှဲပြောင်းပေးအပ်ပွဲကျင်းပ
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး

MOS

DSW

DDM

DOR