လူမှုဝန်ထမ်းဦးစီးဌာနနှင့် Care Support Clover အဖွဲ့တို့သည် (၂) နှစ် သက်တမ်းရှိ သဘောတူညီမှုစာလွှာ (LoA) အား (၅.၅.၂၀၂၂) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့၍ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ သင်တန်းကျောင်းများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြုပရဟိတဂေဟာများရှိ မိဘမဲ့ကလေးများအား ဂျပန်နည်းစနစ်ဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ဂျပန်ဘာသာသင်တန်းဆင်းပွဲနှင့် ဒုတိယအကြိမ် သင်တန်းဖွင့်ပွဲအား ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ Care Support Clover အဖွဲ့မှ Chief Executive Officer, Mr. Mineo Yamashita ၊ Managing Director, ဒေါ်ကေကေခိုင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဘာသာရပ်ဆိုင်ရာတာဝန်ခံများ၊ သင်တန်းကျောင်း၊ ဌာနငယ်များမှ ကျောင်းအုပ်များ၊ ပရဟိတဂေဟာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

      အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က ဂျပန်နည်းစနစ်ဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ဂျပန်ဘာသာသင်တန်း ပထမအကြိမ်သင်တန်းအား  (၅.၈.၂၀၂၂) ရက်နေ့မှ (၇.၄.၂၀၂၃) ရက်နေ့အထိ သင်တန်းသား (၂၂) ဦးဖြင့် သင်တန်းပို့ချခဲ့ရာ ဂျပန်ဘာသာစာမေးပွဲ (Level N4 နှင့် N5) တွင် သင်တန်းသား (၁၈) ဦး အောင်မြင်ခဲ့တဲ့အတွက် (၈၂) ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ဂုဏ်ယူစွာတွေ့ရှိခဲ့ရပါကြောင်း၊ နိုင်ငံတော်မှ ပြုစုစောင့်ရှောက်ထားသော သင်တန်းကျောင်းများမှ ကလေးများနှင့် ပရဟိတဂေဟာများမှ မိဘမဲ့ကလေးများသည် ဘာသာစကားသင်ယူနိုင်မှု အခွင့်အလမ်းရရှိခြင်း၊ ကျောင်းအိပ်ကျောင်းစား ဖြစ်သည့်အတွက် မတူညီသောပတ်ဝန်းကျင်နှင့် ထိတွေ့ပြောဆိုရသည့် အခွင့်အလမ်းရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိမိကိုယ်‌ပေါ် မိမိရပ်တည်နိုင်ခြင်း၊ ဂျပန်နိုင်ငံသို့ ရောက်ရှိသည့်အခါတွင်လည်း လူ့ဘောင်အဖွဲ့အစည်းတွင် ဝင်ဆံ့လုပ်ကိုင်နိုင်သည့်အတွက် မိမိကိုယ်မိမိယုံကြည်မှု ပိုမိုရရှိလာခြင်းစတဲ့ အကျိုးကျေးဇူးများစွာရရှိစေနိုင်မှာဖြစ်ပါကြောင်း၊အပတ်စဉ် (၂) သင်တန်းတွင်တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း အပတ်စဉ် (၁) သင်တန်းသားများနည်းတူ ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် ကြိုးစားသင်ယူကြစေလိုပါကြောင်း၊ ရေတိုပင်ပန်းမှုတွင် စိတ်အလိုမလိုက်ဘဲ ရေရှည်အောင်မြင်မှုရအောင် ကြိုးစားစေလိုပါကြောင်း၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်သော သင်တန်းသားများဖြစ်အောင် ကြိုးစားကြရန် မှာကြားလိုပါကြောင်း၊ သင်တန်းဆင်းသင်တန်းသားများသည် ဂျပန်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သည့်အခါ မြန်မာအချင်းချင်း ကူညီရိုင်းပင်းခြင်း၊ ဂျပန်နိုင်ငံမှ အတွေ့အကြုံများဖြင့် အဘိုးအဘွားများအား ပြုစုစောင့်ရှောက်ခြင်း၊ သူနာပြုအကူဆိုင်ရာနည်းပညာများကို ဆက်လက်လေ့လာသင်ယူခြင်းစသော မိမိဘဝတိုးတက်စေမည့်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန်မှာကြားလိုပါကြောင်း၊ Care Support Clover အဖွဲ့မှ မြန်မာနိုင်ငံရှိ မိဘမဲ့ကလေးများအား အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများပေးခြင်းဖြင့် မိမိဘဝရပ်တည်နိုင်အောင် သင်ကြားဆောင်ရွက်ပေးသည့်အတွက် မိမိတို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျေးဇူးတင်ရှိပါကြောင်း၊ ရေရှည်ပူးပေါင်း ဆောင်ရွက်သွားရန်ဆန္ဒရှိပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ Care Support Clover အဖွဲ့မှ Chief Executive Officer, Mr. Mineo Yamashita က နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အပတ်စဉ် (၁) သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခြင်း၊ အပတ်စဉ် (၂) သင်တန်းသားများမှ မိတ်ဆက်စကား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။




နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR