မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ် ရေးဆပ်ကော်မတီအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်မြင့်အောင် က ဦးဆောင်၍ ကျင်းပခဲ့ရာ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းဆိုင်ရာအလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးဆပ်ကော်မတီဝင်များနှင့် ပုဂ္ဂလိက အထူးပညာရေးကျောင်းများမှ ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြန်လည်ထူထောင် ရေးဦးစီးဌာနအနေဖြင့် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးဆပ်ကော်မတီအား တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်သား ဈေးကွက်တွင် ပြောင်းလဲတိုးတက်လာသောအခြေအနေအရ ကျွမ်းကျင်လုပ်သား လိုအပ်သည့် အလုပ်အကိုင် များပြားလာခြင်းနှင့် အလုပ်အကိုင်အသစ်များ ပေါ်ပေါက်လာခြင်းတို့ကြောင့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေး ဆောင်ရွက်နိုင်မည့်အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှု “စံ” ရေးဆွဲနိုင်ရန် လိုအပ်ပါကြောင်း၊ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးဆိုင်ရာ အလုပ် အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးဆပ်ကော်မတီကို အဖွဲ့ဝင် စုစုပေါင်း (၁၂) ဦးဖြင့် ဖွဲ့စည်း ထားရှိခဲ့ပြီး မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးဆပ်ကော်မတီအနေဖြင့် မသန်စွမ်းသူကလေး သူငယ်များအတွက် အထူးပညာရေးအကူဆရာမအလုပ်အကိုင်နှင့် အခြေခံ ဆရာမအလုပ်အကိုင် တို့အတွက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးတွင် ရေးဆွဲစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး Technical Working Group အား အမြန်ဆုံး ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။

ထို့နောက် ဆပ်ကော်မတီအတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ် ရေးဆွဲနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။ မသန်စွမ်းသူများ ပြုစု စောင့်ရှောက်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးဆပ်ကော်မတီ အနေဖြင့် မသန်စွမ်းသူကလေးသူငယ်များအတွက် အထူးပညာရေးအကူဆရာမအလုပ်အကိုင် နှင့် မသန်စွမ်းသူကလေးသူငယ်များအတွက် အထူးပညာရေးအခြေခံဆရာမ အလုပ်အကိုင်တို့ အတွက် ကျွမ်းကျင်မှု “စံ” များကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း သတ်မှတ်ရေးဆွဲသွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR