လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ရန်ကုန်) ၏ အပတ်စဉ် (၇/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို (၁၇.၂.၂၀၂၃)ရက်နေ့နံနက်(၉:၃၀)နာရီအချိန်တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အမျိူးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဖြူဖြူစိန်၊ ကမာရွတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ကမာရွတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်နီနီအေး၊ ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ (၇၅) ဦး အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ 

     ဆက်လက်၍ လူမှုရေးရာဝန်ကြီးမှ သင်တန်းဆင်းအဖွင့်အမှာစကား ပြောကြားခြင်း၊ စက်ချုပ် ဘာသာရပ်ထူးချွန်ဆုရရှိသူ သင်တန်းသူ မစောမို့မို့ရှိန်းအား အပ်ချုပ်စက် (၁) လုံးချီးမြှင့်ခြင်း၊ တာဝန်ရှိသူများမှသင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းဆင်းသင်တန်းသူများကိုယ်စား မစောမို့မို့ရှိန်းမှ ကျေးဇူးတင်စကားပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပြီး နံနက် (၁၀:၃၀) နာရီတွင် သင်တန်းဆင်းပွဲ အခမ်းအနားပြီးမြောက်ခဲ့ပါသည်။ 


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR