လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ရန်ကုန်) ၏ အပတ်စဉ် (၇/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို (၁၇.၂.၂၀၂၃)ရက်နေ့နံနက်(၉:၃၀)နာရီအချိန်တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အမျိူးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဖြူဖြူစိန်၊ ကမာရွတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ကမာရွတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်နီနီအေး၊ ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ (၇၅) ဦး အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ 

     ဆက်လက်၍ လူမှုရေးရာဝန်ကြီးမှ သင်တန်းဆင်းအဖွင့်အမှာစကား ပြောကြားခြင်း၊ စက်ချုပ် ဘာသာရပ်ထူးချွန်ဆုရရှိသူ သင်တန်းသူ မစောမို့မို့ရှိန်းအား အပ်ချုပ်စက် (၁) လုံးချီးမြှင့်ခြင်း၊ တာဝန်ရှိသူများမှသင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းဆင်းသင်တန်းသူများကိုယ်စား မစောမို့မို့ရှိန်းမှ ကျေးဇူးတင်စကားပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပြီး နံနက် (၁၀:၃၀) နာရီတွင် သင်တန်းဆင်းပွဲ အခမ်းအနားပြီးမြောက်ခဲ့ပါသည်။ 


နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR