လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၂၂)ရက်နေ့ (၀၁း၁၅)နာရီအချိန်တွင် မုဒုံမြို့နယ်၊ ကမာ ဝက်မြို့၊ကမာဝက်ရပ်ကွက်၊ရှမ်းရွာရပ်၊ရပ်ကွက်(၁၁)တွင် ဒေါ်လှသိန်းနေအိမ် ဖယောင်းတိုင်မီးထွန်းရာမှ မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားခဲ့မှုကြောင့် လူနေအိမ်(၁၃)လုံးမီးလောင်ဆုံးရှုံးခဲ့ရာ လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၁၂)လုံး နှင့်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၃၈၀,၀၀၀/-)နှင့် လူဦးရေ(၅၆)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ(၁၁၇,၆၀၀/-)၊ စုစုပေါင်း(၁,၄၉၇,၆၀၀/-)တို့အား လည်းကောင်း၊ လုံးဝပျက်စီးခဲ့သည့် လူနေအိမ်(၁၂)လုံးမှ အိမ်ထောင်စု(၁၀)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၁၀)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၂)အိမ်ထောင်စာတို့အားလည်းကောင်း၊ (၂၁-၁၂-၂၀၂၂)ရက်နေ့၊ နေ့လည် (၁၂းဝဝ)အချိန်တွင် ပြည်သူ့လက်ဝယ်အရောက်ထောက်ပံ့ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR