ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး၊ အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ် ရုံးအဖွဲ့အကြီးအကဲဖြစ်သူ H.E. Dr. KUNG Phoak ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ‌ဒေါက်တာသက်သက်ခိုင်အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး ၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ်တွင် အာဆီယံက မြန်မာနိုင်ငံသို့ ပေးအပ်မည့် လူသားချင်းစာနာမှုအကူအညီများ လက်ခံရယူရေး (Phase 2) နှင့် စပ်လျဉ်း၍ အာဆီယံဉက္ကဌဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံက မေလတွင် ကျင်းပပြုလုပ်မည့် ညှိနှိုင်းအစည်းအဝေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဆောင်ရွက်နေသည့် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့်အတူ  ဒုတိယဝန်ကြီး ဉီးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးဖြစ်သူ H.E. Mr. Chhouk Bunna နှင့် အာဆီယံဉက္ကဌ၏ အထူး ကိုယ်စားလှယ်ရုံးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြန်မာနိုင်ငံက Hybrid စနစ်ဖြင့် အိမ်ရှင်အဖြစ် (၁၁)ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးကော်မရှင်(ACWC)နှင့် အာဆီယံအမျိုးသမီးကော်မတီ (ACW) ညှိနှိုင်းအစည်းအဝေးနှင့် (၂၃)ကြိမ်မြောက်အာဆီယံ အမျိုးသမီးကော်မတီအစည်းအဝေးများကျင်းပခြင်း
(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပပြုလုပ်ခြင်း
ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများလွှဲပြောင်းပေးအပ်ပွဲကျင်းပ

MOS

DSW

DDM

DOR