(၂၄.၁၀.၂၀၂၂) ရက်နေ့မှ (၂၆.၁၀.၂၀၂၂) ရက်နေ့ထိ လွိုင်ကော်မူကြိုခန်းမ၌ မသန်စွမ်းအမျိုးအစားအလိုက် အသိပညာပေးခြင်းနှင့် အထူးလိုအပ်ချက်ရှိသောကလေးများပြုစုလေ့ကျင့်ပျိုးထောင်ပေးမှုဆိုင်ရာ အသိပညာပေးသင်တန်းကို ဖွင့်လှစ်ခဲ့ရာ လူမှုအဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသူ မိဘပြည်သူ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းတွင် မသန်စွမ်းမှုအမျိုးအစားအလိုက်အသိပညာပေးခြင်းနှင့် အထူးလိုအပ်ချက်ရှိသော ကလေးများအတွက်သင်ကြားမှုနည်းစနစ်များ၊ ကြွက်သားငယ်၊ ကြွက်သားကြီး၊ သိမှုဆိုင်ရာလေ့ကျင့်သင်ကြားခြင်း၊ ဘာသာစကားဖွံ့ဖြိုးမှု၊ အခြေခံလက်မှု၊ အခြေခံစာရေး၊ စာဖတ်၊ အခြေခံသင်္ချာနှင့် ငွေကြေးသုံးစွဲခြင်း၊ တစ်ကိုယ်ရည်လုပ်ဆောင်နိုင်မှု၊ တေးဂီတနှင့်လှုပ်ရှားမှု စသည့်ဘာသာရပ်များ ပို့ချခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း

MOS

DSW

DDM

DOR