(၂၄.၁၀.၂၀၂၂) ရက်နေ့မှ (၂၆.၁၀.၂၀၂၂) ရက်နေ့ထိ လွိုင်ကော်မူကြိုခန်းမ၌ မသန်စွမ်းအမျိုးအစားအလိုက် အသိပညာပေးခြင်းနှင့် အထူးလိုအပ်ချက်ရှိသောကလေးများပြုစုလေ့ကျင့်ပျိုးထောင်ပေးမှုဆိုင်ရာ အသိပညာပေးသင်တန်းကို ဖွင့်လှစ်ခဲ့ရာ လူမှုအဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသူ မိဘပြည်သူ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းတွင် မသန်စွမ်းမှုအမျိုးအစားအလိုက်အသိပညာပေးခြင်းနှင့် အထူးလိုအပ်ချက်ရှိသော ကလေးများအတွက်သင်ကြားမှုနည်းစနစ်များ၊ ကြွက်သားငယ်၊ ကြွက်သားကြီး၊ သိမှုဆိုင်ရာလေ့ကျင့်သင်ကြားခြင်း၊ ဘာသာစကားဖွံ့ဖြိုးမှု၊ အခြေခံလက်မှု၊ အခြေခံစာရေး၊ စာဖတ်၊ အခြေခံသင်္ချာနှင့် ငွေကြေးသုံးစွဲခြင်း၊ တစ်ကိုယ်ရည်လုပ်ဆောင်နိုင်မှု၊ တေးဂီတနှင့်လှုပ်ရှားမှု စသည့်ဘာသာရပ်များ ပို့ချခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR