၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကျရောက်သည့် (၃၄) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို (၂၀.၁၁.၂၀၂၃) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် အမျိုးသမီးကလေးများသင်တန်းကျောင်း (ရန်ကုန်) တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့ဝင်များ၊ ခရိုင်ဦးစီးမှူးများ၊ ဌာနငယ်/ သင်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများ၊ မသန်စွမ်းကျောင်းများမှ  ကျောင်းသား/ကျောင်းသူများ၊ နန်းဦးဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ကလေးများ စုစုပေါင်း (၂၄၀) ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးမှ အဖွင့်အမှာ စကားပြောကြားပြီး World Children’s Day Video Clip ပြသခြင်းနှင့် မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များနှင့်  ဌာနငယ်/သင်တန်းကျောင်းမှ ကလေးများ၊ နန်းဦးဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ကလေးများမှ ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။

ထို့နောက် ဖျော်ဖြေရေးတွင်ပါဝင်ခဲ့ကြသည့် ကလေးများအား ရန်ကုန်တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် Tdh-L အဖွဲ့တို့မှ ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြပြီး နံနက် (၁၁:၀၀) နာရီတွင် အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။





နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားနာ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပခြင်း
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း က ငလျင်ဘေးသင့်ဝန်ထမ်းများသို့ အလှူငွေ၊ ဆန်၊ ဆီ၊ မုန့်မျိုးစုံ၊ အသုံးအဆောင် ပစ္စည်းများထောက်ပံ့ခြင်းနှင့် အားပေးစကားပြောကြားခြင်း

MOS

DSW

DDM

DOR