ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအောက်ရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့်  အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့်  အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ဒုတိယဥက္ကဋ္ဌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဝန်ကြီးဌာနများမှ  ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးမှာ ၂၀၂၂ ခုနှစ်အတွက် ပထမအကြိမ် ကျင်းပခြင်း ဖြစ်ပါကြောင်း၊ (၃-၈-၂၀၂၂)ရက်နေ့ကကျင်းပခဲ့သော ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (၂/၂၀၂၂)အစည်းအဝေး ဆုံးဖြတ်ချက်အရ အကြောင်းအမျိုးမျိုးကြောင့် မိမိတို့၏နေရပ်များကို စွန့်ခွာနေထိုင်ရသူများကို ၎င်းတို့၏ နေရင်းဒေသများသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် လိုအပ်သော ထောက်ပံ့မှုများပေးနိုင်ရန်နှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်ပေးနိုင်ရန်အတွက် လုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဌာနများအလိုက် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းအစီအမံများကို ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဆွေးနွေးရာ၌ မြေပြင်တွင် အမှန်တကယ်အကျိုးရှိပြီး ထိရောက်စွာ ဆောင်ရွက်နိုင်မည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား အဓိကထားဆွေးနွေးပေးကြရန်၊ ဥပမာအားဖြင့် နေရပ်ပြန်များအတွက် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ပေးရာတွင် ၎င်းတို့ဒေသနှင့် ကိုက်ညီသော သင့်လျော်သည့် ဈေးကွက်ဝင်သီးနှံများ၏ မျိုးစေ့များနှင့်နည်းပညာများ ပံ့ပိုးပေးကြရန် အကြံပြုလိုကြောင်း၊ နေရပ်ပြန်မည့်သူများ နေ့စဉ်ဝင်ငွေရရှိနိုင်သည့် အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ သင်တန်းများသည်လည်း အရေးပါသဖြင့် အဓိကစီမံရမည့် ကိစ္စရပ်ဖြစ်၍ အားလုံးဝိုင်းဝန်းအကောင်အထည်ဖော်ကြရန် လိုအပ်ကြောင်းတို့ကို ပြောကြားပါသည်။

ယင်းနောက်အစည်းအဝေး တက်ရောက်လာကြသော ကော်မတီဝင်ဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းကော်မတီနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို  သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးတင်ပြခဲ့ကြပါသည်။ အစည်းအဝေးသည် နေ့လည်(၁၅:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု

MOS

DSW

DDM

DOR