မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ မန္တလေးကလေးပြုစုရေးဌာနတွင် လက်ခံစောင့်ရှောက်ထားသော သားငယ်၊ သမီးငယ်များအား ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုရရှိစေရေးအတွက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် Tdhlနှင့် ပူးပေါင်း၍ (၄.၁.၂၀၂၄) ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ ကန်တော်ကြီး ပန်းပွဲတော်သို့လေ့လာရေးခရီးပို့ဆောင်ပေးနိုင်ခဲ့ပါသည်။