ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးလက်အောက်ရှိ မူလတန်းကြိုကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာမများအားစွမ်းရည်မြှင့်တင်ရန်ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အခြေခံအကသင်တန်း၊ အခြေခံပန်းချီသင်တန်း၊ အခြေခံအော်ဂင်သင်တန်းများကို (၁.၄.၂၀၂၄)ရက်မှ (၁၂.၄.၂၀၂၄)ရက်အထိ သင်တန်းတစ်မျိုးလျှင် (၃၄)ဦးဖြင့် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင်လည်းကောင်း၊ လူငယ်သင်တန်းကျောင်းများနှင့် အမျိုးသမီးကလေးများသင်တန်းကျောင်းတို့တွင် ဘောလုံးသင်တန်း၊ ဘော်ဘီဘောသင်တန်း၊ အကသင်တန်း၊ ပန်းချီသင်တန်း၊ ဂီတာတီးသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ဆပ်ပြာဆီ/ဆပ်ပြာခဲသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်ခြင်း၊ ပြန်/ဆက်နှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်း၊ အသိပညာမျှဝေမှုနှင့်ဂိမ်းကစားခြင်း၊ NFPE သင်ခန်းစာများ ပြန်လည်လေ့ကျင့်ပေးခြင်း၊ ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ရင်သားကင်ဆာရောဂါ အသိပညာပေးဟောပြောပွဲ၊ မူးယစ်အန္တရာယ် အသိပညာပေးဟောပြောပွဲများအားလည်းကောင်း နွေရာသီကာအတွင်း ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပါသည်။










နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်

MOS

DSW

DDM

DOR