လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ဧရာ၀တီတိုင်း​ဒေသကြီး လူမှု၀န်ထမ်းဦးစီးဌာန နှင့်ပူး​ပေါင်း၍ (၂၇-၁၁-၂၀၂၂)ရက်​နေ့တွင် ပုသိမ်ခရိုင်၊ ကန်ကြီး​ထောင့်မြို့နယ်၊ ၀ဲကြီး​ကျေးရွာအုပ်စု၊ ၀ဲကြီး​ကျေးရွာရှိ ရွာသူ/သား (၆၀)ဦးခန့်အား ဦးစီးဌာန၏ လုပ်ငန်းများ၊ ​ထောက်ပံ့​ဆောင်ရွက်​နေမှုများ၊ သဘာ၀​ဘေးနှင့်ပတ်သက်​သော အသိပညာဗဟုသုတများနှင့် ဆောင်ရန်/​ရှောင်ရန်များအား အသိပညာ​ပေး​ဆွေး​နွေး​ပြောကြားခဲ့ပြီး မုန်တိုင်းဘေးအသိပညာ​ပေးဗီနိုင်းနှင့် လက်ကမ်းစာ​စောင်များဖြန့်​ဝေပေးခဲ့ ပါအကြောင်း သတင်းရရှိပါသည်။ ​​​

Source: DDM

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR