ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်သစ်ပုတ်ကုန်းကျေးရွာအုပ်စုရွာသစ်ကုန်းကျေးရွာတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၏လမ်းညွှန်မှုဖြင့် ပုသိမ်မြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ရပ်ရွာအခြေပြုစက်ချုပ်သင်တန်းကို ၆.၆.၂၀၂၂ မှ ၂၅.၆.၂၀၂၂ ရက်နေ့အထိဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ပြီး ယနေ့သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။

    သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးညွှန်ကြားရေးမှုးဒေါ်နော်သဝါးက သင်တန်းဆင်းအမှာစကားပြောကြားပြီးသင်တန်းဆင်းလက်မှတ်များကို တိုင်းဒေသကြီးလူမှုဝန်ထမ်းတိုင်းဦးစီးမှူးနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်စိုးတို့ကပေးအပ်ရာသင်တန်းသူများမှလက်ခံရယူသည်။

    သင်တန်းတွင်ထူးချွန်သူတစ်ဦးအား တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးမှ အပ်ချုပ်စက်တစ်လုံးချီးမြှင့်ခဲ့ရာ သင်တန်းသူများကိုယ်စားထူးချွန်ဆုရရှိသူမယွန်းဝေမိုးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR