လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဉီးစီးဌာနသည် Gender, CEDAW, NSPAW,  UNSCR 1325 အသိပညာပေးသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊  နံနက် (၀၉ : ၀၀) နာရီတွင် ကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများ၊ အလုပ်သမားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ သင်တန်းသား (၃၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။  

     ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာန သည် ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးစသည့် လူမှုရေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းမှာ ကျား၊မ အခြေခံသဘောတရားများကို သိရှိ နားလည်၍ အမျိုးသမီးအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး၊  စွမ်းဆောင်ရည် မြင့်မားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပါကြောင်း၊ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးနှင့်စပ်လျဉ်း၍ ဝန်ဆောင်မှုများနှင့် ကြိုတင်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနများအနေဖြင့် မိမိတို့ ဌာနများ၏ ဆောင်ရွက်ချက်များတွင် ကျား၊မ ရေးရာကို ထည့်သွင်းစဉ်းစားဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးအခွင့်အရေးရရှိမှု ပိုမိုမြင့်မားလာစေရန်အတွက် ကူညီဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းပို့ချခဲ့ရာ Gender ၊ CEDAW၊ NSPAW ၊ UNSCR 1325 အသိပညာပေးသင်တန်းအား ညနေ (၁၇: ၃၀) နာရီတွင် ဖွင့်လှစ်ပြီးစီးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR