လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆-၈-၂၀၂၃) ရက်နေ့တွင် မိုးသည်းထန် စွာရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေ မြင့်တက်လာပြီး မြေနိမ့်ပိုင်းလူနေအိမ်များသို့ ချောင်းရေများ ဝင်ရောက်လာ၍ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာရှိ ပြောင်းရွှေ့အိမ်ထောင်စု (၈)စုတို့မှ ကျား (၁၈)ဦး၊ မ (၁၃)ဦး၊ စုစုပေါင်း (၃၁)ဦးတို့သည် တပ်ဦးဘုန်းကြီးကျောင်း ကယ်ဆယ်ရေး စခန်း၌လည်းကောင်း၊ (၇-၈-၂၀၂၃) ရက်နေ့၊ (၈-၈-၂၀၂၃) ရက်နေ့ နှင့် (၉-၈-၂၀၂၃)ရက်နေ့တို့တွင် သထုံမြို့နယ်၊ ဈေးမသွယ်အထက်ကျေးရွာရှိ ပြောင်းရွှေ့အိမ်ထောင်စု (၁၂)စုတို့မှ ကျား (၂၄)ဦး၊ မ (၃၁) ဦး၊ စုစုပေါင်းလူဦးရေ (၅၅)ဦးတို့သည် ရန်ကင်းအောင်ဘုန်းကြီးကျောင်း၌လည်းကောင်း ရောက်ရှိနေသော အဆိုပါ အိမ်ထောင်စုပေါင်း (၂၀)စု (စုစုပေါင်း လူဦးရေ (၈၆)ဦး)တို့ အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၈၀,၆၀၀ိ/)အား (၉-၈-၂၀၂၃)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်ခန့်တွင် သထုံမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားနာ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပခြင်း
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း က ငလျင်ဘေးသင့်ဝန်ထမ်းများသို့ အလှူငွေ၊ ဆန်၊ ဆီ၊ မုန့်မျိုးစုံ၊ အသုံးအဆောင် ပစ္စည်းများထောက်ပံ့ခြင်းနှင့် အားပေးစကားပြောကြားခြင်း

MOS

DSW

DDM

DOR