(၃၄) နှစ်မြောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့)အခမ်းအနားကို (၂၀-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံး၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဝင်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်ကမ္ဘာတစ်ဝှမ်းလုံး၌ ရှိသောကလေးသူငယ်များ၏ အခွင့်အရေးများအားကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ဆောင်ရွက်ရန်အတွက်၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ကျင်းပခဲ့သော (၄၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း(UNCRC)ကိုအပြည်ပြည်ဆိုင်ရာစာချုပ်အဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့သည့်ရက်ကိုဂုဏ်ပြုသည့်အနေဖြင့်ကုလသမဂ္ဂအဖွဲ့ကြီးကနိုဝင်ဘာလ (၂၀) ရက်နေ့ကိုကမ္ဘာ့ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊မြန်မာနိုင်ငံအနေဖြင့် UNCRCကို ၁၉၉၁ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ပြီးကမ္ဘာ့ကလေးများနေ့ အခမ်းအနားများကိုနှစ်စဉ်ကျင်းပခဲ့သည်မှာ(၃၁) နှစ်ရှိပြီဖြစ်ပါကြောင်း၊မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်ပူးပေါင်း၍အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သောကလေးသူငယ်များ၏ ဖြစ်ရပ်များအားစနစ်တကျ စီမံဆောင်ရွက်နိုင်ရန် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ကို IT နည်းပညာအသုံးပြုပြီးအချိန်နှင့်တစ်ပြေးညီချိတ်ဆက်စီမံခန့်ခွဲနိုင်ရန်နှင့် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက်  ကာကွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာဌာနနှင့်ပူးပေါင်း၍ Case Management Information System (CMIS) Software ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင်စတင်ရေးဆွဲခဲ့ပြီး(၁၈.၅.၂၀၂၃)ရက်နေ့တွင် စတင်အသုံးပြုနိုင်ခဲ့ပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကယခုနှစ် ကမ္ဘာ့ကလေးများနေ့အတွက် ချမှတ်ပေးထားသည့်ဆောင်ပုဒ်မှာ“For every child, every right”  (အခွင့်အရေးအားလုံးရရှိရေးကလေးငယ်တိုင်းအတွက် ဖော်ဆောင်ပေး)ဖြစ်ပါကြောင်း၊ကလေးသူငယ်အခွင့်အရေးများအားကမ္ဘာပေါ်ရှိကလေးများအားလုံးရရှိခံစားနိုင်ရန်၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲတန်းတူညီမျှပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်၊ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများမှအားလုံးပါဝင်ဆောင်ရွက်ပေးကြရန်တိုက်တွန်းလှုံ့ဆော်ထားခြင်းဖြစ်ပါကြောင်း၊ကလေးသူငယ်များသည်နိုင်ငံတစ်နိုင်ငံ၏အနာဂတ်ဖြစ်သည့်အတွက်ယနေ့ခေတ်တွင် ကလေးသူငယ်များ၏ပညာရေး၊ ကျန်းမာရေးကဏ္ဍရပ်များအားအလေးထားဂရုစိုက်ခြင်းဖြင့် ကလေးများအတွက် ပိုမိုကောင်းမွန်၍လုံခြုံစိတ်ချရသည့်အနာဂတ်တစ်ခုဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ကလေးသူငယ်များ၏မွေးရာပါအခွင့်အရေးမဆုံးရှုံးစေရန်၊ ကလေးသူငယ်များ၏အခွင့်အရေးများကိုကလေးမိဘများ၊ ကလေးများနှင့် ပြည်သူလူထုတစ်ရပ်လုံးသိရှိရန်နှင့်ကလေးတိုင်းလက်လှမ်းမီတန်းတူညီတူရရှိနိုင်ရန်အတွက် ကော်မတီဝင်အဖွဲ့များ၊အဖွဲ့အစည်းများအပါအဝင် တာဝန်ရှိသူများအားလုံးမှ သက်ဆိုင်ရာကဏ္ဍအသီးသီးမှစဉ်ဆက်မပြတ်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်တိုက်တွန်းလိုပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ကလေးသူငယ်အခွင့်အရေးများ အကောင်အထည်ဖော်ဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုပြသခဲ့ပြီးနေပြည်တော်ကလေးပြုစုရေးဌာနနှင့်မူလတန်းကြိုကျောင်းများရှိကလေးများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဌာနငယ်/သင်တန်းကျောင်းများမှ ကလေးများက သီချင်းများဖြင့် သရုပ်ဖော်တင်ဆက်ကပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို  ရုပ်သိမ်းခဲ့ပါသည်။

မွန်းလွဲပိုင်းတွင်  သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်း(၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကိုဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊အစည်းအဝေးခန်းမ၌ကျင်းပရာပြည်ထောင်စုဝန်ကြီးကသဘာဝဘေးအန္တရာယ်များဖြစ်ပွားပါကဘေးသင့်သူများအတွက်အခြေခံလိုအပ်ချက်များဖြစ်သည့် စားရေရိက္ခာ၊ အရေးပေါ်အခိုအကာနှင့်အသုံးအဆောင်ပစ္စည်းများလျင်လျင်မြန်မြန်ထောက်ပံ့ရေးသည်အလွန်အရေးကြီးကြောင်း၊  မိုခါမုန်တိုင်းတုံ့ပြန်ဆောင်ရွက်ရာတွင်လည်းအရေးပေါ်စားနပ်ရိက္ခာနှင့်ကယ်ဆယ်ရေးပစ္စည်းများကိုဒေသ၌ရှိနေသည့်ပစ္စည်းများအပြင်ဘေးကြောင့်ထိခိုက်နိုင်မှုအရထပ်မံလိုအပ်ချက်များကိုပါတွက်ဆပြီးကြိုတင်ပေးပို့ခဲ့ပါကြောင်း၊ မုန်တိုင်းဝင်ရောက်ပြီးချိန်မှာလည်းတစ်ဖက်တွင် ရှာဖွေကယ်ဆယ်ရေး၊အရေးပေါ်တုံ့ပြန်ရေးနှင့်အပျက်အစီးရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့်နည်းတူကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့နိုင်ရေးအမြန်ပို့ဆောင်နိုင်ရန်ဦးစားပေးစီစဉ်ဆောင်ရွက်ခဲ့ရကြောင်း၊ထိုသို့ထောက်ပံ့နိုင်ရေးရည်ရွယ်ဆောင်ရွက်ရာတွင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူ ဦးစီးဌာနအနေဖြင့်ထောက်ပံ့ရေးပစ္စည်းများကိုကြိုတင်ဝယ်ယူစုဆောင်းသိုလှောင်ပြီး ဘေးဖြစ်ပွားရာဒေသသို့အနီးစပ်ဆုံးနေရာမှအမြန်ဆုံးထောက်ပံ့နိုင်ဖို့ဆောင်ရွက်လျက်ရှိကြောင်း၊ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)အနေဖြင့်အောက်မြန်မာပြည်တွင်ရှိသည့်သိုလှောင်ရုံပေါင်း(၆၃)ရုံ၊ ဗဟိုသိုလှောင်ရုံ(မန္တလေးမြို့)အနေဖြင့်အထက်မြန်မာပြည်တွင်ရှိသည့်သိုလှောင်ရုံပေါင်း(၈၂)ရုံတို့သို့ထောက်ပံ့ရေးပစ္စည်းများဖြန့်ခွဲဆောင်ရွက်လျက်ရှိသဖြင့် စုစုပေါင်းသိုလှောင်ရုံ(၁၄၇)ရုံဖွင့်လှစ်ပြီးလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့်ဝန်ထမ်းများအနေဖြင့်အဆိုပါသိုလှောင်ရုံများအားစနစ်တကျစီမံခန့်ခွဲနိုင်ရေး၊ ထောက်ပံ့ရေးပစ္စည်းများသိုလှောင်ရုံများတွင်ထိန်းသိမ်းထားရှိစဉ်ကာလအတွင်းမလိုလားအပ်သည့် လေလွင့်ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးနှင့်မမျှော်မှန်းနိုင်သည့်ဖြစ်စဉ်များကြောင့်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ပါကလုပ်ထုံးလုပ်နည်းများနှင့်အညီစနစ်တကျအရေးယူဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊သင်တန်းမှရရှိမည့် အသိပညာဗဟုသုတများကိုလက်တွေ့လုပ်ငန်းခွင်တွင်စနစ်တကျနှင့်ထိထိရောက်ရောက်အသုံးပြုနိုင်ရေးကိုယ်တိုင်စာတွေ့လက်တွေ့ပေါင်းစပ်အသုံးချနိုင်ရန်နှင့် လုပ်ဖော်ကိုင်ဖက်များကိုလည်းအသိပညာပြန်လည်မျှဝေပေးရန်လိုအပ်ပါကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။ သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်း(၂/၂၀၂၃)သို့ဦးစီးဌာန(ရုံးချုပ်)နှင့်တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ဦးစီးမှူးရုံးများမှ သင်တန်းသား/သင်တန်းသူအရာထမ်းစုစုပေါင်း(၃၀)ဦးတက်ရောက်ခဲ့ကြပြီးအဆိုပါသင်တန်းကို(၂၀-၁၁-၂၀၂၃)ရက်နေ့မှ(၂၄-၁၁-၂၀၂၃)နေ့အထိ(၅)ရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတောင်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့်သန်လျင်လူငယ်သင်တန်းကျောင်းများသို့ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့်အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)များသို့ကြည့်ရှုစစ်ဆေး
ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

MOS

DSW

DDM

DOR