လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် (၂၄-၅-၂၀၂၄) ရက်နေ့ (၀၇း၀၀)
နာရီမှ (၁၀း၀၀)နာရီအချိန်ထိ မင်းလှမြို့နယ်၊ ထောက်ကြံ့ကွင်း(အမ်) ကျေးရွာအုပ်စု/ရွာ၊
လမ်းမတော် ရပ်ကွက်ရှိလမ်းများ၊ စျေးချိုတန်းရပ်ကွက်ရှိလမ်းများတွင် လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန် အချက်များအား ပြည်သူများသိရှိနိုင်စေရန်အတွက်
အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ် ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍
ဆောင်ရွက်ခဲ့ပါသည်။
Source: DDM