ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးကျေးရွာအုပ်စု၊ ဝါသလကျေးရွာ မီးဘေးထောက်ပံ့ပြီးစီးမှုသတင်း
၀၆ မတ် ၂၀၂၄
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှ
တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
အမျိုးသမီးရေးရာအဖွဲ့နှင့်ပူးပေါင်း၍
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊သောင်ကြီးကျေးရွာအုပ်စု၊
ဝါသလကျေးရွာတွင်(၃.၃.၂၀၂၄)ရက်နေ့တွင်ဖြစ်ပွားသောမီးဘေးကြောင့်
လုံးဝပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ
(၆၀၀၀၀၀ိ/-)၊ အိမ်ထောင်စု(၃)စုမှ စုစုပေါင်းလူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၁၆၈၀၀ိ/-)၊
ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၃)အိမ်ထောင်စာ(၁၃၈၁၀၈/-) နှင့်စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၆၁၆၈၀၀ိ/-) အား(၄-၃-၂၀၂၄)ရက်နေ့(၁၃း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်
ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM