လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၆--၂၀၂၄)ရက်နေ့၊ (၁၃:၀၀)အချိန်မှ (၁၅:၀၀) အချိန်ထိ ဘားအံမြို့၊ တောင်တန်းသာသနာပြုဘုန်းကြီးကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ် ဆောင် ရွက်ခဲ့ပါသည်။အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ  သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ တောမီးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောမှုများအားလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေ များဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကိစ္စရပ်များအားလည်းကောင်း ကျောင်းသား/သူ (၁၂၀)ဦးတို့အား ဟောပြော ဆွေးနွေးခဲ့ပြီး ဘေး()မျိုး အသိပညာပေးလက်ကမ်းစာစောင် (၈၁၃)စောင် အား ကျောင်းသား/သူများ ထံ ဝေငှခြင်းအားလည်းကောင်း၊ ဘုန်းကြီးကျောင်းဝန်းကျင်အတွင်း ကပ်နှံနိုင်ရေးအတွက်  မိုးကြိုး ဘေးအသိပညာပေး(x)ပေ ဗီနိုင်းပိုစတာအားလည်းကောင်း ဖြန့်ဝေပေးခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR