လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၏ အပတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားအား  (၂၂.၇.၂၀၂၂)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊  ဓမ္မစေတီလမ်း၊ အမှတ်(၁၃၅)ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ သင်တန်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ဖြူဖြူစိန်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

     ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး  ဦးအောင်ဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် အိမ်တွင်းမှုလုပ်ငန်းအတတ်ပညာများကို ကျောင်းအခြေပြုသာမက ရပ်ရွာအခြေပြုသင်တန်းများအဖြစ်ပါ ဖွင့်လှစ်ပေးနေသဖြင့် မိသားစုမှသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးမှုအထိ အထောက်အကူပြုနိုင်သောကြောင့် လေ့ကျင့်ရင်း၊ ကုန်ထုတ်ရင်း စဉ်ဆက်မပြတ်လေ့လာ၍ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအောင်မြင်သည်ထိ ကြိုးစားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

     ဆက်လက်၍ စက်ချုပ်သင်တန်း၊ မုန့်လုပ်နည်းသင်တန်းနှင့် လက်မှုသင်တန်းတို့မှ သင်တန်းသား/သူ (၉၂) ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး စက်ချုပ်ဘာသာရပ်ထူးချွန်ဆုရသင်တန်းသူ ဒေါ်မေသက်တင်အား အပ်ချုပ်စက် (၁) စုံချီးမြှင့်ပေးခဲ့ပြီး သင်တန်းသား/သူ များ၏ ကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

 

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ မင်းကုန်းကျေးရွာအုပ်စု၊‌ ဆည်ကန် (အနောက်)ကျေးရွာ၌ လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီးတွင် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်းကြားမှုယန္တရာများ၊ ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးအစီအစဉ်ကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR