လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၃၀-၇-၂၀၂၁) ရက်နေ့ (၀၈:၀၀)နာရီအချိန်တွင် မြောက်ဦးမြို့နယ် ညောင်ပင်လယ်(ကလပ) ကျေးရွာအုပ်စု၊ ညောင်ပင် လယ်(ကလပ)ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့် လုံးဝပျက်စီးလူနေ အိမ်(၇)လုံး (သွပ်၊ ဓနိမိုး၊ ပျဥ်၊ ဝါးခင်း၊ ဝါးကာ)အတွက်  (၁)လုံးလျှင် (၁၀၀,၀၀၀-/)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀,၀၀၀-/)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၁၁) လုံး(သွပ်၊ ဓနိမိုး၊ ပျဥ်၊ ဝါးခင်း၊ ဝါးကာ)အတွက်  (၁)လုံးလျှင်(၅၀,၀၀၀-/)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၅၀,၀၀၀)ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁၈)စုမှ လူဦးရေ (၇၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၅၁,၂၀၀-/)ကျပ်၊ စုစုပေါင်း အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုး(၁,၄၀၁,၂၀၀-/)ကျပ်၊ လုံးဝပျက်စီးအိမ်ခြေ(၇)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၇)စုစာအား  (၉-၈-၂၀၂၁)ရက်နေ့ (၁၃:၄၀)အချိန်တွင် မြောက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ မြောက်ဦးမြို့ နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”

MOS

DSW

DDM

DOR