လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၃၀-၇-၂၀၂၁) ရက်နေ့ (၀၈:၀၀)နာရီအချိန်တွင် မြောက်ဦးမြို့နယ် ညောင်ပင်လယ်(ကလပ) ကျေးရွာအုပ်စု၊ ညောင်ပင် လယ်(ကလပ)ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့် လုံးဝပျက်စီးလူနေ အိမ်(၇)လုံး (သွပ်၊ ဓနိမိုး၊ ပျဥ်၊ ဝါးခင်း၊ ဝါးကာ)အတွက်  (၁)လုံးလျှင် (၁၀၀,၀၀၀-/)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀,၀၀၀-/)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၁၁) လုံး(သွပ်၊ ဓနိမိုး၊ ပျဥ်၊ ဝါးခင်း၊ ဝါးကာ)အတွက်  (၁)လုံးလျှင်(၅၀,၀၀၀-/)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၅၀,၀၀၀)ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁၈)စုမှ လူဦးရေ (၇၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၅၁,၂၀၀-/)ကျပ်၊ စုစုပေါင်း အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုး(၁,၄၀၁,၂၀၀-/)ကျပ်၊ လုံးဝပျက်စီးအိမ်ခြေ(၇)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၇)စုစာအား  (၉-၈-၂၀၂၁)ရက်နေ့ (၁၃:၄၀)အချိန်တွင် မြောက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ မြောက်ဦးမြို့ နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR