မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၄) အစည်းအဝေးနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ဆိုင်ရာ အကြုံပြုအစည်းအဝေးကိုယနေ့နံနက်(၀၉:၀၀) နာရီတွင်  နေပြည်တော်၊ Max  Hotel ၌ကျင်းပခဲ့ရာမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနှင့်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women NSPAW) Phase II (၂၀၂၃-၂၀၃၂)ရေးဆွဲရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်NSPAW Phase II (၂၀၂၃-၂၀၃၂) ရေးဆွဲထားရှိမှုအပေါ်မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များ၊NSPAW ဦးဆောင်ကော်မတီဝင်များ၏သဘောထားမှတ်ချက်များ၊အကြံပြုချက်များရယူပြီးအတည်ပြုနိုင်ရန်၊NSPAW Phase II ပါလုပ်ငန်းစဉ်များအပေါ်ပြည်ထောင်စုနယ်မြေနေပြည်တော်၊တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီများနှင့်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းများ၏အမြင်၊သဘောထားများပါဝင်နိုင်စေရန်နှင့်ပြည်ထောင်စုနယ်မြေနေပြည်တော်အပါအဝင်တိုင်းဒေသကြီး/ ပြည်နယ်၊အမျိုးသမီးကော်မတီများကသက်ဆိုင်ရာကော်မတီများအလိုက်CEDAW , NSPAW Phase II တို့နဲ့စပ်လျဉ်းပြီးအသိပညာပေးဆောင်ရွက်နိုင်ရန် အစည်းအဝေးခေါ်ယူခြင်းဖြစ်ပါကြောင်း၊နိုင်ငံလူဦးရေ၏ထက်ဝက်ကျော်ရှိသောအမျိုးသမီးများ၏အင်အားဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကိုတစ်ဖက်တစ်လမ်းမှပါဝင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊တိုင်းဒေသကြီး/ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဆင့်ဖွဲ့စည်းထားရှိသည့်အမျိုးသမီးကော်မတီများအနေဖြင့်လည်းချမှတ်ထားသည့်မူဝါဒများ၊လုပ်ငန်းတာဝန်များနှင့်အညီအကောင်အထည်ဖော်ရာတွင်သက်ဆိုင်ရာကော်မတီဝင်ဌာနဆိုင်ရာများနှင့်ပူးပေါင်းညှိနှိုင်းချိတ်ဆက်ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးကမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၂/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုရှင်းလင်းတင်ပြခြင်း၊ညွှန်ကြားရေးမှူးများက  6th CEDAW Report နှင့်NSPAW Phase II လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ကြရာမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်ဒုတိယဝန်ကြီးများကအကြံပြုဆွေးနွေးခဲ့ကြပါသည်။

အစီအစဉ်အရအစည်းအဝေးဒုတိယပိုင်းတွင်မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအတွင်းရေးမှူး၊လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်က"အာဆီယံနိုင်ငံများရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်ယန္တရားများ ခိုင်မာအားကောင်းလာစေရေး အလုပ်ရုံဆွေးနွေးပွဲ"နှင့်ပတ်သက်ပြီးရှင်းလင်းတင်ပြခဲ့ပါသည်။တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီများနှင့်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့်သက်ဆိုင်ရာဌာနများမှကျား၊မရေးရာတာဝန်ခံများကNSPAW Phase II ရေးဆွဲထားရှိမှုအပေါ်အကြံပြုဆွေးနွေးခဲ့ကြပြီးအစည်းအဝေးကိုညနေ(၁၆:၃၀)နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။

အစည်းအဝေးကိုပြည်ထောင်စုဝန်ကြီးဦးဆောင်၍ဒုတိယဝန်ကြီးများ၊ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများစုစုပေါင်း(၁၂၂) ဦးတက်ရောက်ခဲ့ပြီးOnline မှ  (၁၅) ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း

MOS

DSW

DDM

DOR