မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် (၁၇.၄.၂၀၂၄) ရက်နေ့တွင် ကျရောက်သော  မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သာသနာဗိမာန်တော်ကြီးတွင် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားကာ ဘိုးဘွားများအား ကန်တော့ချိုးဖြင့်ကန်တော့ခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက ဘိုးဘွားများအား ပြည်နယ်အစိုးရအဖွဲ့နှင့်အလှူရှင်များ စုပေါင်းလှူဒါန်းသော အလှူငွေများဖြင့် ဂါရဝပြုကန်တော့ခြင်းနှင့် အခမ်းအနားတက်ရောက်လာသော အဘိုး၊ အဘွားများကိုယ်စား အဘိုး(၁)ဦးနှင့် အဘွား(၁)ဦးက ဆုတောင်းမေတ္တာများ ပြန်လည်ပေးပို့ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ကန်တော့ခံ ဘိုးဘွား (၁၀၀)ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အလှူရှင်များ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၃၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအပြီးတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဆရာဝန်များနှင့် အထူးကုသမားတော်များက ဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်ခြင်း၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ရပ်ကွက်/ကျေးရွာများအတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွားများအား အိမ်တိုင်ရာရောက် လိုက်လံ၍ အလှူငွေများဖြင့် ဂါရဝပြုကန်တော့ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR