၂၇-၉-၂၀၂၂၊ နေပြည်တော်

မသန်စွမ်းသများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (/၂၀၂၂) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနစုပေါင်းအစည်းအဝေး ခန်းမတွင် ယနေ့မွန်းလွဲပိုင်းကကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် လုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွငမသန်စွမ်းသူများ၏အခွင့်အရေးများ ဆိုင်ရာလုပ်ငန်းကော်မတီကို ၂၀၁၈ ခုနှစ်တွင စတင်ဖွဲ့စည်းခဲ့ပြီးယနေ့အစည်းအဝေး (၂/၂၀၂၂) ကြိမ မြောက်အစည်းအဝေးမှာ အဋ္ဌမအကြိမ် အစည်းအဝေးဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၂/၂၀၂၂) ကိုလည်း မကြာမီခေါ်ယူ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း  မဟာဗျူဟာ(၅)နှစ် စီမံကိန်း (၂၀၂၂-၂၀၂၇)ကို အတည်ပြု ရေးဆွဲနိုင်ခဲ့ပြီးမိတ်ဆက်ဖြန့်ချိခဲ့ပြီး ဖြစ်ပါကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လုပ်ငန်းစီမံချက် (Action Plan) များဆက်လက်ရေးဆွဲ ဆောင်ရွက်သွားကြဖို့နှင့် မိမိတို့ဌာနအလိုက် လက်ရှိဆောင်ရွက်ဆဲလုပ်ငန်းများ၊ ရေတို၊ ရေရှညလုပ်ငန်းများ အားခွဲခြားပြီး စတင်ဆောင်ရွက နိုင်သည်တို့ကိုအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့လည်းတိုက်တွန်းပြောကြား လိုပါကြောင်း မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အရင်းမပျောက်မတည် ရန်ပုံငွေကျပ် (၃) ဘီလီယံနှင့် စပ်လျဉ်း၍ အလေအလွင့်မရှိစေဘဲစနစ်တကျ တိုးပွားစေရန်အတွက်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေး ရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုးပွားလာသည့် ရန်ပုံငွေကိုမသန်စွမ်းသူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရေးနှင့် မသန်စွမ်းသူများအတွက် ထိရောက်အကျိုးရှိစေမည့် လုပ်ငန်းများဆောင်ရွက ပေးနိုင်ရေးအတွက် ထောက်ပံ့ကူညီပေးနိုင်မည့်ပုံစံနှင့် စည်းမျဉ်းစည်းကမ်းများကို သတ်မှတ ပေးသွားရန်လိုအပ်မှာဖြစ်ပြီး မသန်စွမ်းသူများ၊ မသန်စွမ်း အဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း မသန်စွမ်းသူများအနေဖြင့် အသက်မွေးဝမ်းကြောင်း ပညာများသင်ယူတတ်မြောက်မှသာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမှာဖြစ်သဖြင့် လုပ်ငန်းကော်မတီဝင်များအနေဖြင့် မိမိတို့သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဖွင့်လှစ်သည့် အသက်မွေး ဝမ်းကျောင်းသင်တန်း (Vocational Training) များတွင် မသန်စွမ်းသူများတက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးကြဖို့နှင့် မသန်စွမ်းသူများ လိုအပ်သော ပံ့ပိုးမှုများပေးနိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေထည့်သွင်း လျာထားပေးကြဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဖြစ်သူ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဥပဒေ၊နည်းဥပဒေများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက ကြရာတွင လုပ်ငန်းကော်မတီဝင်များနှင့် မသန်စွမ်းသူများ၊ မသန်စွမ်းအဖွဲ့အစည်းများ အနေဖြင့် မိမိတို့တတ်စွမ်းသလောက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီ (၁/၂၀၂၂) အစည်းအဝေး၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေကို ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက ရှင်းလင်းတင်ပြခဲ့ပြီးတက်ရောက်လာကြသော လုပ်ငန်းကော်မတီဝင်များကဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြပါသည်။ 




နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR