လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၁)ရက်နေ့၌ သာယာတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင်ဖြစ်ပွားသော ကမ်းပြိုဘေးမှ ပြိုလဲနေအိမ်(၁၀) လုံး၊ လူဦးရေ(၃၇)ဦး တို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၇၇၇၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၇၇၇၀၀)ကျပ်နှင့် ကယ်ဆယ်​ရေးပစ္စည်း(၁၆)မျိုးပါ (၁၀)အိမ်ထောင်စုစာတို့အား (၅-၉-၂၀၂၁)ရက်နေ့ (၁၀း၀၀)နာရီ အချိန်တွင် ဘေးဖြစ်ပွားရာစံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာယာဝတီ မြို့နယ်ရဲစခန်းမှူး၊ ရပ်ကျေးစာရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများနှင့်အတူ ဘေးဖြစ်ပွားသူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပြီးဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

MOS

DSW

DDM

DOR