လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှတာဝန်ရှိသူများ၊ မစဖအဖွဲ့ဝင်များ၊ ငါးသိုင်းချောင်းမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပူးပေါင်း၍ ငါးသိုင်းချောင်းမြို့၊ ငဝန်ရပ်ကွက်၊  ပိုက်သောင်ရပ်၊ ငဝန်မြစ်ကမ်းပါးတွင် မုန်တိုင်းဘေးအန္တရာယ်ကြောင့် (၇-၅-၂၀၂၃)ရက်နေ့၊ (၈-၅-၂၀၂၃)ရက်နေ့နှင့် (၉-၅-၂၀၂၃)ရက်နေ့တို့တွင် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ရသည့်  စုစုပေါင်းနေအိမ် (၃၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃,၂၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၃၂)စု မှ စုစုပေါင်းလူဦး‌ရေ (၁၅၂) ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၃၁၉,၂၀၀ိ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံ ငွေ (၃,၅၁၉,၂၀၀/-)ကျပ်အား (၇-၅-၂၀၂၃)၊ (၈-၅-၂၀၂၃)နှင့် (၉-၅-၂၀၂၃)ရက်နေ့တို့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR