လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း​ဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိရှိသူများသည် (၁၇-၈-၂၀၂၂) ရက်​နေ့တွင် ပုသိမ်မြို့နယ်၊ ​တောင်တန်းကုန်းအုပ်စု၊ မဏ္ဍပ်​ကျေးရွာ၊ ရှမ်း​တော​ကျေးရွာနှင့် ​ရေငန်စမ်း​ကျေးရွာရှိ ​ရေကြီးနစ်မြုပ်အိမ်​ခြေ(၁၈၅)လုံး၊ အိမ်​ထောင်စု(၁၈၅)စုမှ ​ဘေးသင့်လူဦး​ရေ(၇၆၇)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေကျပ်(၁,၆၁၀,၇၀ဝ)၊ အိမ်​ထောင်စု(၁၈၅)စုအတွက် ကာ​ဘော်လိပ်ဆပ်ပြာ(၁၈၅)​တောင့်၊ ​ရေသန့်​ဆေး(၄၀)kg (၁)ပုံး၊ ပြိုကျပျက်စီးအိမ်(၇)လုံးအတွက် ကယ်ဆယ်​ရေးပစ္စည်း(၁၇)မျိုးပါ (၇)ပုံးနှင့် ရွာ​ဟောင်းကြီးအုပ်စု၊ ရွာ​ဟောင်း​ကျေးရွာနှင့် စာ​ရေး​ကျေးရွာတို့မှ ​ရေကြီးနစ်မြုပ်အိမ်​ခြေ(၁၂၀)လုံး၊ အိမ်​ထောင်စု(၁၂၀)စုမှ လူဦး​ရေ(၅၆၀)ဦးအတွက်(၇)ရက်စာဆန်ရိက္ခာဖိုး​​ထောက်ပံ့​ငွေကျပ်(၁,၁၇၆,၀၀ဝ)တိတိတို့အား ခရိုင်/မြို့နယ် အုပ်ချုပ်​ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနများ ပူး​ပေါင်းပါဝင်​သောအဖွဲ့ဖြင့်(၁၈-၈-၂၀၂၂) ရက်​နေ့တွင် ​ဘေးသင့်ပြည်သူများလက်ဝယ်အ​ရောက် သွားရောက်​ထောက်ပံ့​ပေးအပ်ခဲ့ပါ​သည်။

Source: DDM

နောက်ဆုံးရသတင်းများ

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပပြုလုပ်ခြင်း
ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများလွှဲပြောင်းပေးအပ်ပွဲကျင်းပ
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး

MOS

DSW

DDM

DOR