လူမှုရေးပညာတက္ကသိုလ် (Social Work Institute) တည်ထောင်ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။



ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ကျွမ်းကျင်သော လူမှုဝန်ထမ်းသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် လူမှုရေးပညာတက္ကသိုလ်သည် မဖြစ်မနေလိုအပ်ပါကြောင်း၊ လူမှုရေးပညာတက္ကသိုလ် ဖွင့်လှစ်နိုင်ရေးအတွက် ယခုကဲ့သို့ လုပ်ငန်းအဖွဲ့များဖွဲ့၍ စဉ်ဆက်မပြတ် ဆောင်ရွက်နေမှုအပေါ် အသိအမှတ်ပြုပါကြောင်း၊ လူမှုရေးပညာတက္ကသိုလ် ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်း၍ မြေနေရာရရှိနိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ထားပါကြောင်း၊ မိတ်ဖက်နိုင်ငံများနှင့်လည်း လူမှုရေးပညာတက္ကသိုလ် ဖွင့်လှစ်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးထားသည်များရှိပါကြောင်း၊ သင်ရိုးညွှန်းတမ်း အတည်ပြုပြဌာန်းနိုင်ရေး ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း၊ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ၊ ပညာရပ်ပိုင်းဆိုင်ရာနှင့် လူ့စွမ်းအားအရင်းအမြစ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး အတွက် အချိန်ယူဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဖွဲ့စည်းထားသည့် ကော်မတီများ၊ ဆပ်ကော်မတီများအနေဖြင့် ပေးအပ်သည့်တာဝန်များကို အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်သွားစေလို ကြောင်း၊ တက်ရောက်လာကြသူများမှလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လူမှုရေးပညာတက္ကသိုလ်ဖွင့်လှစ်နိုင် ရေးနှင့်ပတ်သက်သည့် လိုအပ်သည့်အကြောင်းအရာများအား ဖြည့်စွက်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လူမှုရေးပညာ တက္ကသိုလ် တည်ထောင်ဖွင့်လှစ် နိုင်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးက ဆုံးဖြတ်ထားသော နည်းပညာလုပ်ငန်းအဖွဲ့၊ ဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းရေးနှင့် ကာလတို(၃)လသင်တန်း၊ ဒီပလိုမာ (၁)နှစ်သင်တန်းများ အတွက် သင်ရိုးညွှန်းတမ်းရေးဆွဲ အဆိုပြုအစီအစဉ်များအား အသေးစိတ်တင်ပြခြင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်



နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
(၁၃) ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများဂုဏ်ပြုညစာစားပွဲနှင့်ဒုတိယနေ့ အစည်းအဝေးများသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ဆက်လက်တက်ရောက်လျှက်ရှိ
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား

MOS

DSW

DDM

DOR