လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သန်လျင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်‌ (၁၁-၇-၂၀၂၂) ရက်နေ့၊ နံနက် (၀၈:၀၀) အချိန်မှ (၀၉:၃၀) နာရီအချိန်ထိ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ဇွဲဘာကုန်းတန်းကျေးရွာ အုပ်စု၊ ဇွဲဘာကုန်းတန်းကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာသူ/ရွာသား ဦးရေ (၁၀၀)ကျော် တို့အား ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊  ဆောင်ရွက်ချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်း သိကောင်းစရာများနှင့် ပက်သက်၍ဆွေးနွေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ပိုစတာများ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခြင်းများကို  ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

Source: DDM

နောက်ဆုံးရသတင်းများ

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပပြုလုပ်ခြင်း
ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများလွှဲပြောင်းပေးအပ်ပွဲကျင်းပ
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး

MOS

DSW

DDM

DOR