လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၂၄)ရက်နေ့၊   (၀၉;၃၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊   သူနာပြုသင်တန်းကျောင်း၌ ကျောင်းအုပ်ကြီးနှင့်တကွ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦးတို့အား ဦးစီးဌာန၏  လုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှုများ၊ သဘာဝဘေးနင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များ၊  မီးခိုးညစ်ညမ်းမှု၊ တောမီးအန္တရာယ်နှင့် ပလတ်စတစ်ညစ်ညမ်းမှုတို့နှင့်စပ်လျဉ်းသည့်ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာ၊ ဗွီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR