ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ပြန်လည်ထူထောင်ရေးစခန်းတွင် စခန်းအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားအား  (၁.၇.၂၀၂၁)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင်ကျင်းပခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ၊ အသေးစားစက်မှု လက်မှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သင်တန်းသား (၂၀)ဦး နှင့် ရပ်မိရပ်ဖများ စုစုပေါင်းအင်အား (၈၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ဘတ်ဂျက်ရန်ပုံငွေဖြင့် အိပ်ယာပစ္စည်း၊ နေထိုင်စရိတ်၊ စားသောက်စရိတ်အခမဲ့နှင့် ကျန်းမာရေးဦးစီးဌာန၏လမ်းညွှန်မှုနှင့် အညီ Covid-19 အကာအကွယ်ပစ္စည်းများဖြင့်အခမဲ့ဆောင်ရွက်ပေးထားခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းဖြစ်သော ဆိုင်ကယ်ပြုပြင်ရေးသင်တန်း၊ ရာသီပေါ်သီးနှံစိုက်ပျိုးရေးနည်းပညာ(မှိုစိုက်)သင်တန်း၊ ဆပ်ပြာဆီ /ဆပ်ပြာခဲ ပြုလုပ်နည်းသင်တန်း၊ လက်သန့်ဆေးပြုလုပ်နည်းသင်တန်းများ ပို့ချမည်ဖြစ်ပြီး သင်တန်းကာလရက် (၉၀)၊ သင်တန်းသား (၂၀)ဦး ဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း အဆိုးဆုံးရွားပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR