လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် မြေငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲဝင်များနှင့်အတူ (၂၂-၉-၂၀၂၁) ရက်နေ့ (၀၉း၃၀) နာရီအချိန်မှ (၁၂း၃၀)နာရီအချိန်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာလူငယ်စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် (၂၂-၉-၂၀၂၁) ရက်နေ့ (၁၄း၀၀) နာရီအချိန်မှ (၁၆း၃၀)နာရီအချိန်တို့တွင် သက်ဆိုင်ရာဒီဂရီကောလိပ်နှင့် ဗဟိုလေ့ကျင့်ရေးကျောင်းတို့မှ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊နည်းပြများ၊ ဝန်ထမ်းများနှင့်ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက် ခဲ့ပြီး ဘေး (၉)မျိုး လက်ကမ်းစာစောင်၊ ဗီနိုင်းပိုစတာနှင့် Surgical Mask များ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း

MOS

DSW

DDM

DOR