၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်အခါသမယကို ကြိုဆိုသောအားဖြင့်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ထမ်းမိသားစုနှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ပြုလုပ်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ဆင်နွှဲကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ ယခုလို ဝန်ကြီးဌာနတစ်ခုအတွင်း အကြောင်း ဆုံ၍ အတူတကွ နိုင်ငံတာဝန်၊ ပြည်သူ့အကျိုးပြုတာဝန်များကို ထမ်းဆောင်လျက်ရှိကြသည့် မိမိတို့၏ ဝန်ထမ်းမိသားစုများအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း မိမိတို့ ပြုမှုဆောင်ရွက်ခဲ့သည့်ကောင်းခြင်းဆိုးခြင်းများကို ပြန်လည်ဆင်ခြင်သုံးသပ်ပြီး လာမည့် ၂၀၂၄ ခုနှစ်နှစ်သစ်တွင် လိုအပ်ချက်အားနည်းချက်များကို ပြုပြင်ကာ လုပ်ငန်းတာဝန်များကို စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲအနေဖြင့် မိမိတို့ဝန်ထမ်းများ ဗလာမပါဆုမဲများ ထိုက်ထိုက်တန်တန်ရရှိစေရေး စနစ်တကျစီစဉ်ဆောင်ရွက်ပေးထားပါကြောင်း၊ မိမိတို့ဝန်ထမ်းများအားလုံးလာမည့် နှစ်သစ်တွင် ကျန်းမာစွာဖြင့် ပျော်ရွှင်အောင်မြင်စွာပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆထက်ထမ်းပိုးဆောင်ရွက်နိုင်စေရေး ဆန္ဒပြုအပ်ပါကြောင်းအမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များမှဆုမဲကြီးများဖြစ်သည့် မော်တော်ဆိုင်ကယ်၊  အဝတ်လျှော်စက်၊TV၊ ရေခဲသေတ္တာ၊  Samsung Hand Set ၁၀ လုံး၊ Air Coolerနှင့် ငွေသား ကံစမ်းမဲများနှင့် ပေါက်မဲဆုမဲများကို  ဝန်ထမ်းများသို့ ကိုယ်တိုင်ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲအနေဖြင့်ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ကြီးရုံးနှင့် ဦးစီးဌာန ၃ ခုရှိ ဝန်ထမ်း ၁၀၀၀ ကျော်မှ ဗလာမပါ ဆုမဲကြီးများ၊ပစ္စည်းနှင့် ငွေသားကံစမ်းမဲများကို ပျော်ရွှင်စွာပါဝင်ကံစမ်းဆင်နွှဲခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR