လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၅.၂၀၂၄) ရက်နေ့၊ (၀၉း၃၀)နာရီ အချိန်မှ (၁၁း၃၀)နာရီ အချိန်ထိ ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသာသနဝေပုလ္လသီလရှင် စာသင်တိုက်မှ သီလရှင်(၅၀)ပါး၊ (၁၃:၀၀)နာရီအချိန်မှ (၁၄:၃၀)အချိန်အထိ ကျောင်းစုဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ သံဃာ(၆၀)ပါး၊ ကျောင်းသား/သူ(၉၀)ဦး၊စုစုပေါင်း(၂၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေး အသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ဗီနိုင်းပိုစတာများ၊ဘောပင်၊ခဲတံနှင့် ဗလာစာအုပ်များဖြန့်ဝေပေးခဲ့ပါသည်။

 

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajidအားလက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး

MOS

DSW

DDM

DOR