ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများဖွင့်လှစ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် အသက် (၆) လမှ (၃)နှစ်အရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်သူများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို (၂၁.၁၀.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းသူ၊ သင်တန်းသားများတက်ရောက်ခဲ့ပါသည်။

ပထမဦးစွာ ဒုတိယဝန်ကြီးက ယခုသင်တန်းသည် သင်တန်းကာလအားဖြင့် (၁) လတာ သင်တန်းဖြစ်သော်လည်း သင်တန်းမှပို့ချချက်များသည် နေ့ကလေးထိန်းဌာန ဖွင့်လှစ်နိုင်ဖို့လိုအပ်ချက်များကို အထောက်အပံ့ဖြစ်ထွန်းစေမှာဖြစ်ပါကြောင်း၊ သင်တန်းကနေ ကလေးသူငယ်များအတွက် နိုင်ငံတော်၏ မူဝါဒပိုင်းဆိုင်ရာများ၊ အထူးအခြေအနေရှိတဲ့ ကလေးများအကြောင်း၊ နေ့ကလေးထိန်းအရွယ်ကလေးများအတွက် ကျန်းမာရေးနဲ့အာဟာရ ပံ့ပိုးပေးမှုကဏ္ဍ၊ ကလေးများဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာသဘောတရား၊ ဘက်စုံဖွံ့ဖြိုးမှုအထောက်အပံ့ဖြစ်စေမည့် အပြုသဘောဆောင်သည့် ပြုစုစောင့်ရှောက်မှုအရေးကြီးပုံနဲ့ နေ့ကလေးထိန်းကျောင်းတစ်ကျောင်းအတွက်လိုအပ်ချက်နဲ့ သင်ခန်းစာပြင်ဆင်မှုများကို စာတွေ့/ လက်တွေ့နဲ့ အကောင်းဆုံးသင်ယူနိုင်ခဲ့မယ်လို့ယုံကြည်ပါကြောင်း၊ ယခုသင်တန်း တက်ရောက်ပြီးသူများအနေနဲ့ သက်ဆိုင်ရာဌာနများတွင် ကလေးပြုစုစောင့်ရှောက်ရေးဆိုင်ရာ Resource Person များအဖြစ် သင်တန်းကနေ သင်ယူခဲ့ရတဲ့ပို့ချချက်တွေအပေါ် လက်တွေ့အသုံးချသွားရန်၊ ကလေးပြုစုစောင့်ရှောက်ရေးဆိုင်ရာ အခြေခံသဘောတရားများအပေါ် ဆက်လက်လေ့လာသွားရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနများရှိဝန်ထမ်းများ၏ သား/ သမီးငယ်များကို စနစ်တကျပြုစုစောင့်ရှောက်မှုမှတဆင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေး၊ စိတ်ခံစားမှုစတဲ့ ဖွံ့ဖြိုးမှုရရှိစေတဲ့ လုပ်ငန်းစဉ်ဖြစ်တာကြောင့် နေ့ကလေးထိန်းဌာနများအား ဝန်ကြီးဌာနများတွင် တိုးချဲ့ဖွင့်လှစ်နိုင်မယ်လို့လည်း ယုံကြည်ပါကြောင်းပြောကြားခဲ့ပြီးနောက် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့ပါသည်။

ဆက်လက်၍ သင်တန်းသားများ (ကိုယ်စား) သင်တန်းသူတစ်ဦးမှကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းသူများက ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးသီချင်း၊ ကဗျာများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်း၊ တက်ရောက်လာသူဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက သင်တန်းသားများကိုယ်တိုင်ပြုလုပ်ထားသည့် ကလေးဖွံ့ဖြိုးမှုဆိုင်ရာလက်မှုပစ္စည်းများအား လှည့်လည်ကြည့်ရှု့ခဲ့ပြီးနောက် သင်တန်းဆင်းပွဲအခမ်းအနားကို နေ့လယ် (၁၁:၃၀) နာရီတွင်ရပ်နားခဲ့ပါသည်။ 

အဆိုပါသင်တန်းအား (၂၆.၉.၂၀၂၂) ရက်နေ့မှ (၂၁.၁၀.၂၀၂၂) ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး ဝန်ကြီးဌာနအသီးသီးက သင်တန်းသူစုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပပြုလုပ်ခြင်း
ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများလွှဲပြောင်းပေးအပ်ပွဲကျင်းပ
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajidအားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR