မြန်မာ-ထိုင်းနှစ်နိုင်ငံ ရွှေ့ပြောင်း သွားလာခြင်းကြောင့် ထိခိုက်ခံစားရသော ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးရေးလုပ်ငန်း စီမံကိန်းကော်မတီ၏ (၈)ကြိမ်မြောက် အစည်းအဝေးကို (၁၉.၁.၂၀၂၁)ရက်နေ့တွင် Virtual Meeting ဖြင့် ပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြန်လည်ထူထောင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ၊  နားလည်မှုစာချွန်လွှာ ရေးထိုးရေးစီမံကိန်းအကြံပေး ကော်မတီ ဝင်များ၊ နားလည်မှု စာချွန်လွှာ ရေးဆွဲရေး နည်းပညာအဖွဲ့ဝင်များ နှင့် နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေး စံလုပ်ငန်းအစီအစဉ် ၏ နည်းပညာ အဖွဲ့ဝင် များနှင့် အခြားသက်ဆိုင်ရာ တာဝန်ရှိသူများနှင့် UNICEF မှကိုယ်စားလှယ်များ တက်ရောက် ကြပါသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောရာ တွင် COVID-19ကာလအတွင်း  MOU လက်မှတ်ရေးထိုးနိုင်ရေးအတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်မှု အခြေအနေ၊ စံ လုပ်ငန်းကော်မတီ ဖွဲ့စည်းနိုင်ရေး များ ဆောင်ရွက်ခဲ့ပါကြောင်း၊ ရွှေ့ပြောင်း သွားလာမှုများ၏ အခြေအနေ အမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ကြ ရတဲ့ ကလေးသူငယ်များကို  ကာကွယ်စောင့်ရှောက်ပေး နိုင်ဖို့အတွက် နှစ်နိုင်ငံတာဝန်ရှိသူများ အနေနဲ့ ဆွေးနွေးခဲ့ပြီး MOU ကို  အပြီးသတ် အောင်မြင်စွာ ရုပ်လုံးဖော်နိုင်ခဲ့ပြီပဲ ဖြစ်ပါကြောင်း၊  MOU တွင် ရွှေ့ပြောင်း ကလေးသူငယ်များအတွက် ကြိုတင်ကာကွယ်ခြင်း(Prevention)၊ ကာကွယ်စောင့်ရှောက်ခြင်း (Protection and Response)၊ ပြန်လည်ပို့ဆောင်ရေး (Repatriation)၊ ပြန်လည် ဝင်ဆံ့ရေး (Reintegration) နဲ့ ပြန်လည်ထူထောင်ရေး (Rehabilitation) ဆိုင်ရာ အပိုင်းများ ကို လက်တွေ့ ဆောင်ရွက်နိုင်မည့် အခြေအနေများပေါ် မူတည် ပြီး ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ MOU ကို နိုင်ငံအဆင့် လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီး ဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ် ရုံးတို့သို့ သဘောထား မှတ်ချက် တောင်းခံခဲ့ပြီး၊ ပေးပို့လာသော သဘောထား မှတ်ချက်များနှင့် အညီ ပြင်ဆင်ပြီး ဖြစ်ပါကြောင်း၊ အင်္ဂလိပ်ဘာသာစကား အရေးအသားနှင့် ပတ်သက်၍လည်း ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပြီး အကြံပြုချက်အတိုင်း ပြင်ဆင်ပြီး၍ ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေး အဖွဲ့ လုပ်ငန်း စီမံကိန်း အဆိုပြုပုံစံဖြင့် ထပ်မံ တင်ပြထားပြီး  ဖြစ်ပါကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအနေဖြင့်  နားလည်မှု စာချွန်လွှာ အကောင်အထည်ဖော်ရေး စံလုပ်ငန်းအစီအစဉ် ရေးဆွဲရေး နည်းပညာ အဖွဲ့ အား သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ သဘောတူညီချက်အရ ဖွဲ့စည်းပြီး ဖြစ်ပါသဖြင့် နည်းပညာ အဖွဲ့၏ ဆွေးနွေးမှုများရယူ၍ ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် Unicef မှ တာဝန်ရှိသူတစ်ဦးတို့မှ အစည်းအဝေးပြုလုပ်ခြင်းနှင့် ပတ်သက်၍ အမှာစကား ဆက်လက် ပြောကြားပြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးမှ နားလည်မှုစာချွန်လွှာရေးထိုးရေး လုပ်ငန်းစဉ်၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများရှင်းလင်းခဲ့ပြီး၊ တက်ရောက် လာသော ကော်မတီအဖွဲ့ဝင်များမှ ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။



နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်

MOS

DSW

DDM

DOR