ပုဗ္ဗသီရိမြို့နယ်၊ အ.မ.က (ပြင်ကြီး)၊ ပြင်ကြီး သီလရှင်သင်ပညာရေးကျောင်း၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
၂၄ နိုဝင်ဘာ ၂၀၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊
ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၁-၂၀၂၃)ရက်နေ့၊ (၀၉:၃၀)အချိန်မှ
(၁၁:၃၀)နာရီအချိန်ထိ ပုဗ္ဗသီရိမြို့နယ်၊ အ.မ.က (ပြင်ကြီး)၊ ပြင်ကြီး သီလရှင်သင်ပညာရေးကျောင်း၌
ကျောင်းသား/သူ (၁၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သတ်၍ ဆောင်ရန်/ရှောင်ရန်
အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေး အသိပညာပေးဟောပြောပွဲကို
ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊
ဘောလ်ပင်၊ ခဲတံနှင့် ဗလာစာအုပ်များ ဖြန့်ဝေပေးခဲ့ပါသည်။
Source: DDM