ဝန်ထမ်းများ၏ အသက်()နှစ်အောက်ကလေးများအတွက် ဖွင့်လှစ်ထားရှိသည့် မေမေ့ ရင်ခွင်နေ့ကလေးထိန်းဌာနသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်မှ သွားရောက်ကြည့်ရှုခြင်းနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်    တုံ့ပြန်ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၊ လုပ်ငန်းကော်မတီတို့၏ လုပ်ငန်းတာဝန်များနှင့် အမျိုး သားအဆင့် လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ တင်ပြရှင်းလင်းသည့် အစည်းအဝေးသို့တက်ရောက်

ဖေဖော်ဝါရီလ(၁၉)၊နေပြည်တော်

          ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၌  ဝန်ထမ်းများ၏ အသက်()နှစ်အောက် ကလေးများအတွက်ဖွင့်လှစ်ထားရှိသည့် မေမေ့ရင်ခွင်နေ့ကလေးထိန်း ဌာနသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့်တကွ အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များလိုက်ပါ၍ ကလေးငယ်များအားပြုစု စောင့်ရှောက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာ ကြား၍ နေ့ကလေးထိန်းဌာနတွင် သား/သမီး ရင်သွေးငယ်လေးများအား မုန့်၊ ပဲနို့နှင့် အရုပ် လက်ဆောင် ပစ္စည်းများပေးခဲ့ပါသည်။


                                           

   ဆက်လက်၍ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်   တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၊ လုပ်ငန်းကော်မတီတို့၏ ဖွဲ့စည်းထား ရှိမှု၊ လုပ်ငန်းတာဝန်များနှင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ တင်ပြရှင်းလင်း သည့်အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လုပ်ငန်းနယ်ပယ်များသည် များပြားကျယ်ဝန်း ပါကြောင်း၊ မိမိတို့ဌာနတစ်ခုတည်းသာမက ပြည်သူ့အတွက်ဝန်ဆောင်မှု လုပ်ငန်းများကို ဆက်စပ်ဝန်ကြီးဌာန အချင်းချင်းအပြင် UN, NGOs, CSO များအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ကြရပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ချမှတ်ထားသော မူဝါဒများ၊ လက်မှတ်ရေးထိုးထားသော နိုင်ငံတကာသဘောတူစာချုပ်များ အကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုအပ်မှာ ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများအားအရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်လိုပါကြောင်း ပြော ကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့မှ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်    တုံ့ပြန်ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၊ လုပ်ငန်းကော်မတီတို့၏ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်း တာဝန်များနှင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ နောက်ခံအချက်အလက်၊ ရေးဆွဲထားရှိမှုအခြေအနေများ၊ လုပ်ငန်းစီမံချက်ပါ ဆောင်ရွက်ရမည့်လုပ်ငန်း အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ဖြည့်စွက်ဆွေး‌နွေးခြင်းနှင့် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာ ကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

 

 

 

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR