၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်း ခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြား ပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အို များနှင့် ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ အသက်ကြီးဆုံးဘိုးဘွား(၃)ဦးအား တစ်ဦးလျှင် အလှူငွေကျပ်(၃၅၀,၀၀ဝိ/-)ကျပ် လှူဒါန်းပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသော မုံရွာဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား ဂါရဝလက်ဆောင်ပစ္စည်းများနှင့် အလှူငွေ (၃၀,၀၀ဝိ/-)ကျပ်အား ပေးအပ်ခဲ့ပြီး ဘိုးဘွားများ၏ကိုယ်စား အဘိုးတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR