လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် (၂၃-၅-၂၀၂၄) ရက်နေ့ (၀၇း၀၀)
နာရီ မှ(၁၀း၀၀) နာရီအချိန်ထိ မင်းလှမြို့နယ်၊ ဘွတ်စိန်ပုကျေးရွာအုပ်စု/
ရွာ၊ သရက်တပင်ကျေးရွာအုပ်စု၊ ဆင်ပချပ်ကျေးရွာ၊ ညောင်သုံးပင်ကျေးရွာအုပ်စု/ ရွာ၊ ပြည်တော်သာရပ်ကွက်နှင့်
ဇီးကုန်းလေးရပ်ကွက်တို့တွင် လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသိရှိနိုင်စေရန်အတွက်
အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ
ဖြန့်ဝေခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။
Source: DDM