လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၃) ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်တွင်ကော့သောင်းမြို့နယ်၊ဘုရင့်နောင်ရပ်ကွက်၊ အ.လ.က(ခွဲ) ဘုရင့်နောင်ကျောင်း၌ကျောင်းသား၊ကျောင်းသူ (၁၀၀) ဦးတို့အားသဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ဆောင်ရန်/ရှောင်ရန်များ၊ ဦးစီးဌာန၏လုပ်ငန်းတာဝန်များအားရှင်းလင်းပြောကြားခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် သဘာဝဘေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Source: DDM