မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမ၌ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၁၂.၆.၂၀၂၄ ရက်၊ နံနက် ၈ နာရီအချိန်တွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းကော်မတီ အတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက ရှေးဦးအရွယ် ကလေးသူငယ်များနှင့်ပတ်သက်ပြီး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနပိုင်မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့် ပုဂ္ဂလိက မူလတန်းကြိုကျောင်းများနှင့် စပ်လျဉ်း၍တင်ပြခဲ့ပြီး တက်ရောက်လာသော ကော်မတီဝင်များမှ မိမိတို့ဌာနအနေဖြင့် ဆောင်ရွက်ခဲ့သည်များအား တင်ပြခဲ့ကြပြီး အစည်းအဝေးကို နံနက် ၀၉:၃၀ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ 

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၁၂.၆.၂၀၂၄ရက်၊ နံနက် ၁၀နာရီအချိန်တွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြရာ တက်ရောက်လာသော ကော်မတီဝင်များမှ မိမိတို့ဌာနအနေဖြင့် ဆောင်ရွက်ခဲ့သည်များအား တင်ပြခဲ့ကြပြီး အစည်းအဝေးကို နံနက် ၁၁:၅၅ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ 

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း

MOS

DSW

DDM

DOR