အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (CEDAW) ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာ ရေးသားရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို (၂၇.၄.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ အမျိုးသမီး များ အားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW) ဆဋ္ဌမ အကြိမ်မြောက် အစီရင်ခံစာရေးသားရေးအဖွဲ့မှ ကိုယ်စားလှယ်(၃၀)ဦးနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြပါသည်။

          အဆိုပါအစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တွင် ကုလသမဂ္ဂကွန်ဗင်းရှင်း ()ခုကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပံ့ပိုးကူညီမှုများနှင့် အစီရင်ခံစာများကို ပုံမှန်တင်သွင်းနိုင်ခဲ့ပါကြောင်း၊ ယခုအခါ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာ တင်သွင်းနိုင်ရေး အတွက် ရေးသားရေးအဖွဲ့ကို ဖွဲ့စည်းပြီး သက်ဆိုင်ရာဌာနများမှ လိုအပ်သည့် အချက် အလက်များ()ကြိမ် တောင်းခံခဲ့ပါကြောင်း၊ အဆိုပါ အချက်အလက်များအပေါ် ပြုစုထားသည့် (မူကြမ်း)နှင့်စပ်လျဉ်း၍ ဆွေးနွေးအကြံပြုနိုင်ရန် ယခုအစည်းအဝေး ခေါ်ယူကျင်းပရခြင်းဖြစ် ပါကြောင်း၊ အစီရင်ခံစာရေးသားရေးအဖွဲ့၏ ပူးပေါင်းပါဝင်မှုနှင့်အတူ နောက်ဆုံး(final report) အထိရောက်အောင် အဆင့်ဆင့်ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          အစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးက (CEDAW) ဆဋ္ဌမအကြိမ် မြောက် အစီရင်ခံစာရေးသားရေးနှှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက်လာ သည့် ကိုယ်စားလှယ်များက ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာ 1st draft (မူကြမ်း) အပေါ် အကြံပြုဆွေးနွေးခဲ့ကြကာ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း)က နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးအား ညနေ(၁၆:၄၅)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကြေးများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်

MOS

DSW

DDM

DOR